Pages

လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။ (၁တိ ၂း၎)
ရာမ ၁၀း အဘယ်သို့နည်းဟူမူကား သင်သည်သခင်ယေရှုကို
နှုတ်ဖြင့်ဝန်ခံ၍၊ဘုရားသခင်သည် သူ့ကိုသေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။

Saturday, November 2, 2013

ခွန်အားရသော ကျမ်းပိုဒ်များစုစည်းခြင်း



သုတ္တံ ၂၃;၂၆ ငါ့သား၊ သင့်နှလုံးကို ငါ့အားပေး လော့၊၊ သင့်မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ၊၊
၁တိ၆း၂၀
အိုတိမောသေ၊ သင်၌အပ်ထားသော အရာကို စောင့်ရှောက်လော့။ တရားမဲ့ဖြစ်သော အချည်းနှီး စကားပြောခြင်းကို၎င်း၊ သိပ္ပံအတတ်ဟူ၍ အလွဲခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောက်ရှက်ခြင်းကို၎င်း၊ ရှောင်လော့။
ယောဘ ၈
သင်သည် အစအဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွားလိမ့်မည်၊၊

မသဲ ၂၀း
၁၆ ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက် တော်မူသော သူနည်းသည် ဟု မိန့်တော်မူ၏။
၁ကော ၁၀း
၁၃ လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော် မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့ သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော် မူလိမ့်မည်။

ယာဟန် ၁၅
သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။
၁ တိ ၄း
၁၃ ငါမလာမီတိုင်အောင်၊ ကျမ်းစာကိုဘတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမသြဝါဒပေးခြင်းကို ကြိုးစား၍ပြုလော့။
၁၅ သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၊ ဤအရာများကို စိတ်စွဲလန်း၍ ကြိုးစားအားထုတ်လော့။
၁၆ ကိုယ်ကို၎င်း၊ ကိုယ်ဆုံးမသြဝါဒကို၎င်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ ပြုလျှင်၊ ကိုယ်ကို၎င်း၊ နားထောင်သောသူကို၎င်း ကယ်တင်လိမ့်မည်။

၁တိ ၎

၁၂ သင်၏အရွယ်နုပျိုသည်ကို အဘယ်သူမျှမထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကို ချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။
၁ပေ ၅ :၈
သမ္မာသတိရှိလျက်မအိပ်ဘဲစောင့်နေကြလော့။သင်တို့၏ရန်သူတည်းဟူသောမာနက်သည်ဟောက်သောခြသေ့င်္ံကဲ့သို့အဘယ်သူကိုမျိုရမည်နည်းဟူ၍လှည့်လည်ရှာဖွေလျက်ရှိ၏။
၁ ကော ၂း၁၄
 ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကိုမခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အား ဖြင့်သာပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။
၁၅ ၁၆ ထိုလူကိုသွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏ စိတ်တော်ကိုသိသနည်း။ ငါတို့မူကား ခရစ်တော်၏စိတ်ကို ခံရကြ၏။
၁၅ ၁၆ ထိုလူကိုသွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏ စိတ်တော်ကိုသိသနည်း။ ငါတို့မူကား ခရစ်တော်၏စိတ်ကို ခံရကြ၏။

သုတ္တံကျမ်း အခန်းကြီး ၁၈
၁ သူတပါးများနှင့် မရောမနှောသောသူသည် မိမိစေတနာ အလိုရှိသည့်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုး မျိုးကို စူးစမ်းမွေနှောက်တတ်၏၊၊


ဟေဗြဲ ၁၀း
၃၅ ထိုကြောင့်၊ ကြီးစွာသော အကျိုးနှင့် ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။
၃၆ ဘုရားသခင်၏ အလိုတော်ကိုဆောင်ပြီးမှ၊ ဂတိတော်အတိုင်း အကျိုးကိုရမည်အ ကြောင်း သည်းခံခြင်းစိတ်ရှိရမည်။

ဖိလိပ္ပိ ၄:၁၃
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကိုငါတတိစွမ်းနိုင်၏။်

ဟေရှာ ၄၀း
၃၁ ထာဝရဘုရားကို မျှော်လင့်သော သူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေးသောလည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။
၂ ကော ၁၀း
အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိအလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။
ငါတို့စစ်တိုက်၍ သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင် ၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။
ထိုလက်နက်အားဖြင့် လူတို့၏အကြံ အစည်တို့ကို၎င်း၊ ဘုရားသခင်ကို သိသောပညာကို ဆီးတားသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်ကြစေကြ၏။
သင်တို့၏ နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော လူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ၏။


ဆာလံ ၄၉
၁၆ သူတပါးသည် ဥစ္စာကြွယ်ဝ၍ အိမ်၏ ဂုဏ်အသရေတိုးပွားသောအခါ သင်သည် မစိုးရိမ်နှင့်၊၊

ယောရှု ၁း
၇ သို့ဖြစ်၍ ငါ၏ကျွန်မောရှေမှာထားသော တရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှာ အားယူ၍အလွန်ရဲရင့်ခြင်း ရှိလော့၊ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့၊ လင်္ကျာဘက်၊ ဘက်ဝဲဘက်သို့ မလွှဲနှင့်။
၈ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကိုမဘတ်မရွတ်ဘဲမနေ၊ နေ့ညဥ့်မပြတ်ကြည့်ရှုဘတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။
၉ သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့၊ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။

သုတ္တံ ၈း ၁၃(၁၇-၁၉၊၃၆)

ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသော သဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့ လိုက်ခြင်း၊ ကောက်သော စကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။
၁၇ ငါ့ကို ချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။
၁၈ ငါ၌ စည်းစိမ်နှင့် ဂုဏ်အသ ရေရှိ၏။ မြဲသောစည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီ ရှိ၏။
၁၉ ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင်ထက်သာ၍ မြတ်၏။ ငါကြောင့်ရသော အခွန်ဘဏ္ဍာသည်ငွေတော်ထက်သာ၍မြတ်၏၊
၃၆ ငါ့ကို ပြစ်မှားသောသူမူကား၊ မိမိအသက် ဝိညာဉ်ကို ပြစ်မှား၏။ ငါ့ကိုမုန်းသောသူ အပေါင်းတို့သည် သေခြင်းကို ချစ်ကြ၏။


ဆာလံ ၂း
ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့၊၊ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏၊၊  ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ၊၊
င့ါကို တောင်းလော့၊၊ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်၊၊
သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည် ဟု င့ါအား မိန့်တော်မူပြီ၊၊
၁၀ သို့ဖြစ်၍  ရှင်ဘုရင်တို့ ပညာသတိရှိကြလော့၊၊ လောကီမင်းတို့ ဆုံးမခြင်းကို ခံကြလော့၊၊
၁၁ ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရား၏ အမှုတော်ကို ထမ်းရွက်၍ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့၊၊
၁၂ သားတော်ကို နမ်းကြလော့၊၊ သို့မဟုတ်လျှင် အမျက်တော်ထွက်၍  သင်တို့သည် လမ်း၌ ပျက်စီးခြင်းကို ရောက်ကြလိမ့်မည်၊၊ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်၊၊ သားတော်ကို ကိုးစားသော သူအပေါင်းတို့သည် မင်္ဂလာရှိကြ၏၊၊



ယောဟန် ၁၂
၄၃ အကြောင်းမူကား၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေ ထက် လူတို့ပေးသောဘုန်းအသရေကို သာ၍ နှစ်သက်ကြ၏။

ဟေရှာရအနာဂတ္တိ ၃၃း၁၅-၁၆
တရားသဖြင့် ကျင့်၍ ဖြောင့်မတ်စွာ ပြောထသော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသော ငွေကိုရွံ၍၊ တံစိုးကိုလည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်းအမှုကို နားမခံ၊ အဓမ္မအမှုများကို မကြည့်မရှုသောသူသည် မြင့်သော အရပ် ၌ နေလိမ့်မည်။ ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်၊၊ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်၊၊ သောက်ရေလည်း မပြတ်ရ။

ဆာလံ ၅၈
မတရားသောသူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏၊၊ မွေးကတည်းကလမ်းလွဲ၍မုသာစကားကို ပြောတတ်ကြ၏၊၊
သုံတ္တ ၆

၁၆ ထာဝရဘုရား မုန်းတော်မူသော အရာခြောက်ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနှစ်ပါးဟူမှုကား၊
၁၇ ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင်လည်သောလျှာတပါး၊ အပြစ်မရှိသော သူ၏ အသက်ကိုသတ်သော လက်တပါး၊
၁၈ မကောင်းသော အကြံကို ကြံစည်သော နှလုံးတပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
၁၉ မုသာစကားကိုပြော၍ မမှန်သော သက်သေတပါး၊ အပေါင်းဘော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သော သူတပါးတည်း။

သုတ္တံ ၈
၁၇ ငါ့ကို ချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။
၁၈ ငါ၌ စည်းစိမ်နှင့် ဂုဏ်အသ ရေရှိ၏။ မြဲသောစည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီ ရှိ၏။
၁၉ ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင်ထက်သာ၍ မြတ်၏။ ငါကြောင့်ရသော အခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍မြတ်၏၊၊
၂၀ ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍
၂၁ ငါ့ကိုချစ်သောသူတို့သည် အမွေခံရသောအခွင့်နှင့် သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသောအခွင့်ကို ငါပေးတတ်၏၊၊

သုတ္တံ ၁၈
၂၃ ဆင်း ရဲသော သူသည် တောင်းပန်တတ်၏၊၊ ငွေရတတ်သောသူမှုကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏၊၊ အပေါင်းအဘော် များသောသူသည် အကျိုးနည်း ရှိတတ်၏၊၊ မိတ်ဆွေမူကား၊ ညီအစ်ကို စွဲကပ်သည်ထက် သာ၍ စွဲကပ်တတ်၏၊၊
ဗျာဒိတ် ၂၀
၁၄ ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။
၁၅ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။

ယောဟန် ၈
၄၄ သင်တို့သည် သင်တို့၏အဘ တည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် တစ္စာတရား ၌မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။

၁ သက်သာ ၃
စုံစမ်းသွေးဆောင် တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့်၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီး ဖြစ်မည်ဟု စိုးရိမ်၍ မအောင့်နိုင်သောအခါ သင်တို့၏ ယုံကြည်ခြင်းကို သိလိုသောငှါ ငါစေလွှတ်၏။


တရားသူကြီး ၁၃
၁၄ စပျစ်ပင်မှ ဖြစ်သမျှကိုမစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သောအရာကိုမစားရ။ ငါမှာထားသမျှအတိုင်းစောင့်ရှောက်ရမည်ဟု မာနော်အားပြောဆို၏။

နာဟုံ ၁
ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံသောသူ တို့ကို သိမှတ်တော်မူ၏။
ထွက် ၁၃း
၂ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်း တို့ကို ငါ့အဘို့ သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။
၁၂ သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရား အဘို့ အသီးအခြားခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။
ထွက် ၃၃း
၁၇ ထာဝရဘုရားက၊ သင်လျှောက်သည်အတိုင်း ငါပြုမည်။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီ။ သင့်ကိုသင်၏နာမဖြင့် ငါသိ၏ဟု မောရှေအား မိန့်တော်မူ၏။

(ဧဖက် ၆း၁-၃)
သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ်၏။
ဆာလံ ၂၇း ၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊

ဂလာတိ ၅း၁၉-၂၁
ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊
ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊
သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့  သော အကျင့်ပေတည်း။ ထိုသို့  သော အကျင့်ကို ကျင့်သော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။

ကိုယ်းကွယ်ခြင်းနှင့် ပတ်သက်သောကျမ်းပိုဒ်လေး
ထွက် ၂၀း
အထက် မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။
ဦးမချဝတ်မပြုနှင့်။ အကြောင်း မူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်သောဘုရား၊
ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်း တိုင်အောင်၊ ကရုဏာကိုပြသော ဘုရား ဖြစ်၏။
သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။
သူတစ်ပါး အတင်းပြောခြင်းနှင့်ပတ်သက်သောကျမ်းပိုဒ်
ထွက် ၂၃း
သင်သည် မှားသောသိတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သော သက်သေကို မခံရ။
လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌ နေ၍၊ တရားလမ်းမှလွဲစေခြင်းငှါ မပြောရ။

No comments:

Post a Comment