(ဆရာ-
ကျော်ကျော်)
မင်္ဂလာပါ
ချစ်မိတ်ဆွေ၊ ဒီကနေ့ဝေငှချင်တဲ့ တရားဒေသနာရဲ့ခေါင်စဉ်ကတော့ "အဖြေ" လို့အမည်ရပါတယ်။
ဒီနေ့လူ့ဘ၀ဆိုတာ အမိဝမ်းထဲမှ မွေးဖွားခြင်းအစပြုပြီးတော့ သေခြင်းနဲ့
သချိုင်္င်းမှာအပြီးသတ်ပြီးဆုံးသွားမှာလား?? တကယ်လို့လူ့ဘ၀ဟာသေခြင်းနဲ့သချိုင်းမှာဘဲ
အဆုံးသတ်ပြီးတော့ အဲဒီမှာပဲပြီးဆုံးသွားမယ်ဆိုရင် သေခြင်းတရားဆိုတာကျွန်တော်တို့အတွက်
ကြောက်စရာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့သေခြင်းရဲ့နောက်ကွယ်မှာ
ဘာမှမရှိတော့တဲ့အ
တွက်ဒါဟာသာဘ၀တရားတစ်ခုဘဲဖြစ်သွားတယ်။
ဒါပေမဲ့ မိတ်ဆွေ ဒီကနေ့လူဟာသေခြင်းမှာဘဲအဆုံးသတ်သွားမှာမဟုတ်ဘူး။သေခြင်းရဲ့
နောက်ကွယ်မှာ တမလွန်ဆိုတဲ့ဘ၀ဟာ ရှိသေးတယ်။ လူ့အတွက်သေခြင်းတရားဆိုတဲ့အရာက
အဆုံးသတ်ခြင်းမဟုတ်ဘဲနဲ့တမလွန်ဘ၀ကိုအစပြုခြင်းတစ်ခုတာဖြစ်တယ်။ သမ္မာကျမ်းစာတော်မြတ်က
ဘာပြောထားသလဲဆိုတောု့"ဘုရားသခင်ကမြေမှုန့်နှင့် လူရဲ့ပုံသ....
ကိုလုပ်ပြီးတော့ အဲဒီလူရဲ့ပုံသ...ထဲမှာ"ဇီဝ"ဆိုတဲ့အသက်ဝိညာဉ်ကိုမှုတ်သွင်းတဲ့အခါမှာ
လူဟာအ
သက်ရှင်သောသတ္တ၀ါဖြစ်လာတယ်လို့ပြောထားပါတယ်။ ဒါကြောင့်လူဟာသေပြီးတာနဲ့မပြီးသေးဘူး
နောင်ဘ၀ဆိုတာရှိသေးတယ်။ နောင်ဘ၀ကိုသွားအုံးမယ့်ဝိညာဉ်ဆိုတာရှိသေးတယ်လို့ ဒီနေ့လူတွေ
ကယုံကြည်နေကြရတာဖြစ်တယ်။
ဘုရားသခင်ဖန်းဆင်စလူယောင်္ကျား"အာဒံ"နှင့်လူမိန်းက"
ဧ၀" တို့က ဘုရားသခင်ရဲ့
စကားတော်ကိုနားမထောင်ဘဲ
ဆန့်ကျင်လွန်ကျူးမိတဲ့အချိန်ကနေစပြီးတော့ လူဟာအပြစ်သား
တွေဖြစ်သွားတယ်။
ဒါကြောင့်သူတို့နှစ်ကဆင်းသက်လာတဲ့ လူသားမျိုးနွယ်စုဟာလည်း အပြစ်သားတွေဖြစ်လာကြတယ်။
သမ္မာကျမ်းစာတော်မြတ်က "အပြစ်တရား၏ အခကားသေခြင်း
ပေတည်း"
လို့ဆိုထားပါတယ်။ ဒါကြောင့်ဒီနေ့လူဟာထိုတရားကြောင့် အပြစ်ဟာပေးဆပ်
နေကြတယ်။
သေခြင်းတရားရဲ့နောက်ကွယ်မှာလဲ
အပ္ပယ်ငရဲဆိုတာစောင့်ကြိုနေကြတယ် ဒါကြောင့် ဒီနေ့လူအတွက်သေခြင်းတရားဆိုတာကအင်မတန်
စိုးရိမ်ပြီးတော့ကြောက်ရွံ့စရာတစ်ခုဖြစ်တာ
ခဲတယ်။
လူတိုင်းကမသေရဲကြဘူး သေခြင်းဟာလူတွေအတွက်ကြောက်စရာအကောင်းဆုံးအ
ရာတစ်ခု ဖြစ်လာပါတယ်။
လူဟာအပ္ပယ်ငရဲကလွှတ်မြှောက်ဖို့အတွက် "ကောင်းတာလုပ်ရင်၊
ကောင်းရာရောက်မယ်လို့"လူတွေကပြောပြီးတော့ ကောင်းတာတွေလုပ်ကြတယ်
ကြိုးစားကြတယ်၊ ကျင့်ကြံကြတယ်၊ ကောင်းရာရောက်ဖို့အတွက်ဆိုပြီးတော့
လူကအတတ်နိုင်ဆုံးအနေနဲ့ကြိုးစား
ကျင့်ကြံပေမဲ့
ကျွန်တော်တို့လူသားတွေအားလုံးဟာ အပြစ်သားဖြစ်နေတာကြောင့် အပြစ်တ
ရားရဲ့ဒုစရိုက်ကလွမ်းမိုးနေတာကြောင့်
ကောင်းတာလုပ်ပေမဲ့၊ ကြိုးစားကျင့်ကြံပေမဲ့ ကောင်းရာ
ရောက်မယ်ဆိုတဲ့အာမခံချက်ကိုမရနိုင်ဘူး။
ကျွန်တော်တို့ရဲ့တမလွန်ဟာဘယ်သွားမှာလဲဆိုတဲ့ အာမခံချက်ကို
ကျွန်တော်တို့ရဲ့အကျင့်တွေ၊ ကျွန်တော်တို့ရဲ့ကြိုးစားမှုတွေက မပေးနိုင်ဘူး။
ဒါကြောင့်ဒီနေ့
လူဟာနောင်တမလွန်ဘ၀မှာ ဘာဖြစ်မှာလဲဆိုတဲ့အ၇ာမသိဘဲ မျော်လင့်
ချက်မရှိဘဲအသက်ရှင်နေရကြတာဖြစ်တယ်။
လူကိုဖန်ဆင်းတဲ့ ထာဝရဘုရားရှင်ကိုယ်တိုင်က မိမိ
ဖန်ဆင်းထားတဲ့လူသားတွေဟာ
ပြစ်သားဖြစ်သွားပြီးတော့ အပြစ်ရဲ့အခသေခြင်းနဲ့ထာဝငရဲပေး
ဆပ်ခြင်းအရာကို
အဲဒီဘုရားကမလိုလားဘူး။ ဒါပေမဲ့သူကိုယ်တိုင်ကလည်းအပ္ပယ်ငရဲကလွှတ်ဖို့အ
တွက်ဘယ်လိုမှမစွန်းဆောင်နိုင်တော့တာကြောင့်
ဘုရားသခင်ကလူကိုကယ်တင်ဖို့အတွက်နည်းလမ်း
ကိုပြင်ဆင်ခဲ့ပါတယ်။
ဘုရားသခင်ကိုယ်တိုင်က ကောင်းကင်ဘုံကိုစွန့်ပြီးတော့ အပျိုကညာ
"မာရီ"ရဲ့ဝမ်းထဲမှာ
ယေရှုခရစ်တော်ဆိုတဲ့နာမည်နှင့်လူ့ဇာတိကိုလာရောက်ခံယူခဲ့တယ်။ အဲဒီယေရှ
ခရစ်တော်ဟာ သက်တော်၃၃နှစ်မှာ ကာရာနီကုန်ပေါ်မှာ လက်ဝါးကာတိုင်းပေါ်မှာအသေခံခဲ့တယ်။
သမ္မာကျမ်းစာက "ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်းနှိပ်စက်
ခြင်းကိုခံရလေ၏"။ ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို
သူ့အပေါ်၌တင်တော်မူ၏
လို့ဆိုပါတယ်။ ယေရှခရစ်တော်ဟာ လောကမှာရှိတဲ့လူသားအားလုံးရဲ့ကိုယ်စားအပြစ်သားပြစ်ကို
ခံယူပြီးတော့ လက်ဝါးကာတိုင်းအသေခံခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေအားလုံးကို လက်ဝါးကာတိုင်းပေါ်မှာပေးဆပ်ခဲ့တယ်။
သေခံပြီးတဲ့နောက်မှာ ယေရှခရစ်တော်ဟာ သဂြိလ်ခြင်းကိုခံတယ်။ သမ္မာကျမ်းစာကဘာပြော
သလဲဆိုတော့ "ထိုသူကိုသက်တိုင်၌ ကွက်မြတ်ကြလေ၏"
သုံးရက်မြောက်သောနေ့၌ဘုရား
ထမြောက်စေတော်မူ၏။ ဒါကြောင့်သခင်ယေရှခရစ်ဟာ အသေခံနောက်
၃ရက်မြောက်သောနေ့မှာ သေခြင်းကိုအောင်မြင်ပြီးတော့ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ အဲဒီယေရှခရစ်တော်ဟာ
"မနေ့၊ယနေ့၊နောင်ကာလ"မပြောင်းလဲစွာ အသက်ရှင်သောဘုရားဖြစ်တယ်။ ဟိုတုန်းကလည်း
အသက်ရှင်သောဘု၇ားဖြစ်တယ် ဒီကနေ့လည်းရှင်ပြီးတော့တည်ရှိတဲ့ဘုရားဖြစ်တယ်။
နောင်လည်းအသက်ရှင်ပြီးတော့တည်ရှိမယ့်
ဘုရားဖြစ်တယ်။
ဒီနေ့သေခြင်းတရားကိုကြောက်ရွံ့ကြတဲ့လူတွေ
တမလွန်ဘ၀အတွက် မဖြေမရှိတဲ့
လူတွေအတွက် ယေရှခရစ်တော်ဟာ "အဖြေ"ဖြစ်ပါတယ်။
သမ္မာကျမ်းစာတော်မြတ်မှာ"ဘုရားသ
ခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်
ထာဝရအသက်ကို
ရစေခြင်းဟာ ဘုရားသခင်သည်မိမိ၌ရှိသော တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်
အောင် လောကီသားတို့ကိုချစ်တော်မူ၏" ဖော်ပြထားပါတယ်။
အဲဒီယေရှတော်ဟာ ကျွန်တော်၊ ကျွန်မရဲ့အပြစ်အတွက် လက်ဝါးကာတိုင်းပေါ်မှာ အသေခံပြီးပြီ
ကျတော်၊ကျမကိုကယ်တင်ပြီးပြီဆို
တာကိုကျွန်တော်တို့ယုံကြည်မယ်ဆိုရင် ထိုယေရှခရစ်သုံးရက်မြောက်သောနေ့ရှင်ပြန်ထမြောက်
ခြင်းအားဖြင့် ကျွန်တော်တို့အပ္ပယ်ငရဲကလွှတ်ပြီး "ထာဝရ"ရဖို့ကယ်တင်သွားတယ်ဆိုတာကို
နှလုံး
သားထဲမှာယုံကြည်လက်ခံမယ်ဆိုရင် ဒီကနေ့ကျွန်တော်တို့"အပ္ပယ်ငရဲ"လွှတ်ပြီးတော့
ထာဝရအ
သက်ရတယ်ဆိုတဲ့ အာမခံချက်ကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ချစ်သောမိတ်ဆွေ
ဒီကနေ့အသက်တာ
ထဲမှာ တမလွန်အတွက်အာမခံချက်မရှိဘူး တမလွန်မှာဘယ်ကိုရောက်မယ်မှန်မသိဘူးဆိုရင်
အဲဒီ
ယေရှခရစ်တော်ဟာ ကျွန်တော်၊ကျမရဲ့ကယ်တင်ခြင်းအဖြစ်နဲ့ ယုံကြည်လက်ခံပြီးတော့ထာဝရ
အသက်ကိုပိုင်ဆိုလို့ရပါတယ်။
No comments:
Post a Comment