Pages

လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။ (၁တိ ၂း၎)
ရာမ ၁၀း အဘယ်သို့နည်းဟူမူကား သင်သည်သခင်ယေရှုကို
နှုတ်ဖြင့်ဝန်ခံ၍၊ဘုရားသခင်သည် သူ့ကိုသေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။

Monday, May 20, 2013



ဘုရားသခင်သည် အဘယ်သူနည်း(သို့)ဖန်ဆင်းရှင်

ဆာလံ ၁၀၀း ထာဝရဘုရားသည် ဘုရားသခင်ဖြစ် တော်မူသည်ကို သိမှတ်ကြလော့။ထာဝရဘုရားသည်ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသောသိုးစုလည်း ဖြစ်ကြ၏။

ဟေရှာ ၄၄း သင်ကို ရွေးနုတ်တော်မူ၍၊ ဘွားစကပင်သင့်ကိုပြုပြင် တော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ မိုဃ်းကောင်းကင်ကို ငါတပါးတည်းကြက်လျက်၊ မြေကြီးကိုအဘော်မရှိဘဲခင်းလျက်၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏။

ဆာလံ ၁၄၆း ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော် မူ၏၊၊ သစ္စာတော်ကို အစဉ်အမြဲ စောင့်တော်မူ၏၊၊

၁။ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းသူဖြစ်သည်။
၂။ ဘုရားသခင်သည် ထာဝရအသက်ရှင်သူဖြစ်သည်။
၃။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သည်။
 ၄။ ဘုရားသခင်သည် မပြောင်းလဲသောအရှင်ဖြစ်သည်။
 ၅။ ဘုရားသခင်သည် နေရာတိုင်းမှာရှိသူဖြစ်သည်။
 ၆။ ဘုရားသခင်သည် အရာခပ်သိမ်းကိုတတ်စွမ်းနိုင်သူဖြစ်သည်။
၇။ ဘုရားသခင်သည် အရာခပ်သိမ်းကိုသိကျွမ်းသူဖြစ်သည်။
၈။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်။
၉။ ဘုရားသခင်သည် သန့်ရှင်းသောမူသောဘုရားဖြစ်သည်။
 ၁၀။ ဘုရားသခင်သည် သစ္စာနှင့်ပြည်စုံသောဘုရားဖြစ်သည်။
၁၁။ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်သည်။
၁၂။ ဘုရားသခင်သည် ဖြောင့်မတ်သောဘုရားဖြစ်သည်။
၁၃။ သက်ရှိသတ္တ၀ါအားလုံးကို ဘုရားသခင်ဖန်ဆင်းသည်။
                   ၁၄။ လူသားအားလုံး အာဒံနှင့် ဧ၀မှဆင်းသက်လာခြင်းဖြစ်သည်။