Pages

လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။ (၁တိ ၂း၎)
ရာမ ၁၀း အဘယ်သို့နည်းဟူမူကား သင်သည်သခင်ယေရှုကို
နှုတ်ဖြင့်ဝန်ခံ၍၊ဘုရားသခင်သည် သူ့ကိုသေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။

Tuesday, April 2, 2013

ကျွန်ပ်တို့လူသားတွေ ဘာကြောင့်ဆုတောင်းရမည်နည်း



ထွက်မြောက် ၃၃း၁၇ ထာဝရဘုရားက၊ သင်လျှောက်သည်အတိုင်း ငါပြုမည်။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီ။ သင့်ကိုသင်၏နာမဖြင့် ငါသိ၏ဟု မောရှေအား မိန့်တော်မူ၏။

၁။ ခရစ်တော်ရဲ့စိတ်။
ဖိလိ ၂း အကြောင်း မူကား၊ ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် လည်ပင်းခိုင်မာ သော အမျိုးဖြစ်ကြ၏။ သင်တို့ အလယ်၌ ချက်ခြင်းငါပေါ်လာ၍ ဖျက်ဆီးမည်။ ထိုကြောင့် သင်တို့၌ အဘယ်သို့ ငါပြုရမည်ကို ငါသိခြင်းငှါ၊ သင်တို့ တန်ဆာများကို ချွတ်ကြလော့ဟု မောရှေအား မိန့်တော်မူနှင့်သတည်း။

၂။ အပြစ်သွေးဆောင်ရာကနေ ကာကွယ်ပါ။
လုကာ ၁၁း အကျွန်ုပ်တို့ကိုပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို အကျွန်ုပ်တို့သည် လွှတ်သောကြောင့်၊ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာ မှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။

၃။ ပညာ။
သုတ္တံ ၁း၅-၆ ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ် တိုးပွားရလိမ့်မည်၊ ဥာဏ်ကောင်းသောသူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကိုင်း၊ ပညာရှိဟော ပြော၍ နက်နဲသောစကား တို့ကိုင်း၊ နားလည်သော နိဿရည်းဆရာ အဖြစ်သို့ ရောက်ရလိမ့်မည်။

၎။ ချစ်ခြင်း။
ယော ၁၅း၁၂ ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည် နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။

၅။ နှိမ့်ချခြင်း။
၁ပေ ၅း ထိုကြောင့်၊ ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို မြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။



၆။ ဘုရားသခင်လုပ်လိမ့်မယ်။
ဖိလိ ၂း၁၃ အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊ သင်တို့ အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား၊ ဘုရားသခင်ပေတည်း။

၇။ အနာဂတ်အတွက်။
သုတ္တံ ၁၉း၁၄ အိမ်နှင့် စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ်၏၊၊ သမ္မာသတိရှိသော မယားမူကား ထာဝရဘုရား ပေးသနားတော်မူရာ ဖြစ်၏၊၊

၈။ ဓမ္မဆရာများကို မထီမဲ့မှီမပြုရ။
ဆာလံ ၁၀၅း၁၅ ငါ့ထံ၌ ဘိတ်သိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖတ်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။

၉။ မိသားစုနှင့်သူငယ်ချင်းများ။
ယာကုပ် ၅း၁၆ အချင်းချင်း တယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြ လော့၊ ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပဌနာသည် အလွန်တန်ခိုး ပါ၏။

၁၀။ Your nation and the elected leaders.
၁၁။ ဆုတောင်းပါက ဘုရားသခင်ကသင့်ကိုကူညီမစပါလိမ့်မယ်။
၁၂။ ဆုတောင်းပါက ဘုရားသခင်လက်တော်ဖြင့်ကွယ်ကာတော်မူမယ်။
၁၃။ ကိုယ်ခန္ဓာနှင့် ၀ိညာဉ်သန့်ရှင်းဖို့အတွက်။
၁သက် ၄း ဘုရားသခင်၏ အလိုတော် ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှါ၎င်း၊

၁၄။ သန့်ရှင်းသော ခရစ်တော်ကသင့်ကိုအသုံးပြုပါလိမ့်မယ်။
တမန် ၄း ၃၁ ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသောအရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာဟောပြောကြ၏။



၁၅။ Pray for Boldness to proclaim God’s word: Boldness is spiritual confidence.
တမန် ၁း ၈ ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
တိ ၁း ၁ အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ၊
၁ ကော ၄း ၁၀ ငါတို့သည် ခရစ်တော်၏အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ပညာရှိဖြစ်ကြ၏။ ငါတို့သည်အား နည်းသောသူဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့်ပြည့်စုံသောသူ၊ အသရေရှိသောသူဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသောသူဖြစ်၍၊