Pages

လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။ (၁တိ ၂း၎)
ရာမ ၁၀း အဘယ်သို့နည်းဟူမူကား သင်သည်သခင်ယေရှုကို
နှုတ်ဖြင့်ဝန်ခံ၍၊ဘုရားသခင်သည် သူ့ကိုသေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။

Tuesday, January 29, 2013

You can know that you are going to heaven ကောင်းကင်သွားဖို့အတွက် မိတ်ဆွေသိနိုင်ပါတယ်



လူဆိုတာ သေတစ်နေ့ မွေးတနေ့ဆိုတာ မြန်မာစကားမှာရှိပြီး ကွေ့သောလက်မဆပ်မည် ဆပ်သောလက်မကွေ့မည် ဆိုတဲ့ဆိုရိုးစကားလည်းရှိတယ်ဆိုတာ အမြဲတမ်းလိုလိုကြားနေရပါတယ်။ ဒါပေမဲ့ ဘယ်နေ့သေမှာလဲဆိုတာ လူတော်တော်များက မစဉ်းစားကြသလို သတိမထားပြီး ခရုမစိုက်ကြပါဘူး။ မိတ်ဆွေသိပ်သေချာပါတယ် လူမှန်ရင် တစ်နေ့ကျရင်သေသွားမယ်ဆိုတာ ဘယ်သူမှညင်းဆန်လို့မရပါဘူး။ ဆိုတော့မိတ်ဆွေယခုသို့မဟုတ် သေသွားမဲ့
တစ်နေ့ကျရင် မိတ်ဆွေဘယ်သွားမှာလဲ….မိတ်ဆွေ သင်ယခုကိုးကွယ်တဲ့ဘုရားက သင့်ကိုတမလွန်ဘ၀အတွက် ကောင်းရာသုခံဘုံကိုရောက်ဖို့ ဂတိပေးခဲ့သလား လေးနက်စွာစဉ်းစားစေလိုပါတယ်။ အဲဒီကောင်းရာနေရာ
ရောက်ဖို့မိတ်ဆွေ၁၀၀ရာခိုင်းနုန်းသေချာပြီးလား….ယခုလက်ရှိဘ၀ထက် နောင်တမလွန်ဘ၀ဆိုတာပိုပြီးတော့ အရေးကြီးလှပါတယ် အဲ့ဒီအတွက်ကြောင့် လောကကြီးမှာ ဘာသာဆိုတာရှိပြီးလူတွေက ကိုးကွယ်ကြတာပါ။
ချစ်မိတ်ဆွေ နောက်မကျသေးပါဘူး အောက်မှာရေးထားတဲ့အရာဖြစ်တဲ့ သေခြင်းကိုအောင်မြင်ပြီး အသက်ရှင် လျှက်ရှိတဲ့ သခင်ယေရှုရဲ့နုတ်ကပတ်တော် သမ္မာတရားကိုဖတ်ပြီးတော့ အဖြေမှန်ကိုဆုံးဖြတ်စေလိုပါတယ်။



၁ယော:၅း၁၃ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်    ရသည်ဟုသိစေခြင်း ငှါ၊ ဤအရာအများကို သင်တို့အားငါရေး၍ပေးလိုက်၏။

            What you must know: မိတ်ဆွေဘာကိုသိသင့်ပါသလဲ….
We are all sinners.
၁။ ကျွန်ပ်တို့အားလုံးအပြစ်သားများဖြစ်ကြပါတယ်၊
ရောမ-၃း၁၀ ကျမ်းစာလာသည် ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။
ရောမ-၃း၂၃ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍  ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ။
ဆာလံ ၁၄း ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏၊၊ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏၊၊ ကောင်းသောအမှုကို ပြုသောသူ တစ်ယောက်မျှမရှိ၊၊
လူအပေါင်းတို့သည် လမ်းလွဲကြပြီ၊၊ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်း ခြင်း ရှိကြ၏၊၊ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊၊ တယောက်မျှ မရှိ၊၊
Where sin came from?
၂။အပြစ်တရားဟာဘယ်ကနေလာတာလဲ၊
ရောမ-၅း၁၂ ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည်တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊အပြစ်တရား
အားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။
ကမ္ဘာ ၂း ၁၆ ထာဝရအရှင်ဘုရားသခင် ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။
၁၇ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။
(ကမ္ဘာဦးပထမဆုံးလူသားရဲ့ဖခင်နှင့်မိခင်ဖြစ်တဲ့ အာဒံနှင့်ဧ၀ကို ဘုရားခင်မိန့်မှာထားတဲ့စကားဖြစ်ပါတယ်)


God’s price on sin.
၃။ ဘုရားသခင်ဟာ အပြစ်ကြွေးဆပ်ခဲ့တယ်၊
ရောမ-၆း၂၃ အပြစ်တရား၏အခကား သေခြင်းပေတည်း။ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊
ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။
၁ ကော ၁၅း ၂၂ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
ယေဇ-၁၈း၂၀ ပြစ်မှားသောသူသည်အသေခံရမည်။ သားသည်အဘ၏ အပြစ်ကိုမခံရ။
ဗျာဒိတ်-၂၀း၁၄ ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။

God’s way out – Jesus’ death.
၎။ ဘုရားသခင်အသေခံတော်မူတယ်၊
ရောမ-၅း ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည်ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား
သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
ရောမ-၁၀း၁၃ အကြောင်း မူကား၊ ထာဝရဘုရား ကိုပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့
ရောက်ရကြလတံ့။

ရောမ-၁၀း အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
၁၀ ဖြောင့်မတ်ရာ သို့ရောက်ခြင်းငှါ စိတ်နှလုံးနှင့်ယုံကြည်ရ၏။
၁၁ ကယ်တင်ခြင်း သို့ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသောသူမည်သည်ကား၊ ရှက် ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။

             You mush ask in Faith:   ယုံကြည်စွာဖြင့်မေးမြန်းရမယ်
ဟေဗြဲ-၁၁း ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့
ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော် မူသည်ကို၎င်း၊ကိုယ်တော်ကို ရှာသောသူအား အကျိုးပေး တော်မူသည်ကို၎င်း၊
ယုံကြည်ရမည်။


  Your part- Ask Jesus to save you now.
     မိတ်ဆွေရဲ့အပိုင်း- ယခုသင်ဘုရားသခင်ကို ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံဖို့မေးပါ..
နမူနာဆုတောင်းခြင်း (Sample Prayer)
-       သခင်ယေရှဘုရား ကိုယ်တော့်အားလိုအပ်ပါသည်။ ကျွန်ပ်အပြစ်များအတွက်လက်ဝါးကာ
တိုင် အသေးခံပေးကျေးဇူးတင်ပါသည်။ ကျွန်ပ်စိတ်နှလုံးတခါးကိုဖွင့်ပြီး ယေရှဘုရားအား
ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံပါသည်။ ကျွန်ပ်စိတ်နှလုံးထဲမှာ ကျိမ်းဝပ်တော်မူပါ။
ကျွန်ပ်ကို အလိုရှိသည့်အတိုင်း ပုံသွင်းတော်မူပါ။ Amen….

အကယ်မိတ်ဆွေထိရောက်စွာဆုတောင်းခဲ့တယ်ဆိုရင်ဘုရားသခင်မိန့်တော်မူပါတယ်(၁၀၀%)
ကောင်းကင်သွားဖို့သေချာသွားပါပြီ။ မိတ်ဆွေရဲ့ ယုံကြည်စိတ်ချမှုအခြေအနေတွေကို ဘုရား
သခင်ရဲ့နုတ်ကပတ်တော်က အခြေခံသွားမှာဖြစ်ပါတယ်။

ယော-၁း၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသောကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏
သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
ယော-၃း ၃၆ သားတော်ကို ယုံကြည်သောသူသည်ထာဝရအသက် ကိုရ၏။ သားတော်ကို ပယ်သောသူမူကား
အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ဘုရားသခင်၏အမျက်တော်တည်နေသည်ဟု ယောဟန်ဟော ပြောလေ၏။
ရောမ-၁၀း ၁၃ အကြောင်း မူကား၊ ထာဝရဘုရား ကိုပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့
ရောက်ရကြလတံ့။
၁ယော-၅း ၁၁ သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင် သည်ငါတို့အားထာဝရဘုရားအသက်ကို ပေးတော်မူ၍၊
၁၂ ထိုအသက်သည်လည်း သားတော်၌ပါ၏။ ဘုရားသခင်၏ သားတော်ကိုမရသောသူမူကားအသက်ကိုမရ။

            စိတ်ခံစားမှု(သို့မဟုတ်) ခံစားချက်တစ်ခုထဲကနေယုံကြည်ခြင်းဖြစ်တာမဟုတ်ပါဘူးခရစ်တော်အားဖြင့်သာယုံကြည်
ခြင်းနှင့်ကယ်တင်ခြင်းဖြစ်တာပါ။ ဘုရားသခင်ရဲ့နုတ်ကပတ်တော်အားဖြင့် ယုံကြည်ခြင်းနှင့်ကယ်တင်ခြင်းဖြစ်လာပါတယ်။  

Sunday, January 27, 2013

ချီကာဂိုဧရိယာအတွင်းရှိ မြန်မာခရိယာန်များစုပေါင်း ပထမဆုံးအကြိုမ်မိတ်သာဟာရ

ချီကာဂိုဧရိယာအတွင်းရှိ မြန်မာခရိယာန်များစုပေါင်းပထမဆုံးအကြိုမ်မိတ်သာဟာရဖွဲ့ခြင်းအစီစဉ်ကို( ၁၁.၁၂.၂၀၁၁)မှာ
ချီကာဂိုမြို့အတွင်းဖြစ်တဲ့ Wheaton မှာရှိတဲ့ မင်းတပ်ဘုးရာကျေားဖြစ်တဲ့ (ဧမာနွေလ မြန်မာ ဘုးရာကျောင်း)ဆိုတဲ့ နေရာမှာ ကျတော်တို့ပြုလို့ကျင်းပရခြင်းဖြစ်ပါတယ်....
အသင်းတော်ကိုင်းပေါင်း ၆ပါးလာနေတာကိုတွေ့ပြီး လူပေါင်း နှစ်ရာကျော်ရှိလိမ့်လို့ခန့်မှန်သိရပါတယ်။
ဒီလိုမျိုး အသင်းတော်စုပေါင်းမိတ်ဟာရဖွဲ့တာလေအရမ်းကိုအကျိုးရှိပြီးတော့  ပျော်ဖို့လဲ
သိပ်ကောင်းတယ်...ဒီဟာတွေဘာရည်ရွယ်ချက်နဲ့လုပ်သလဲဆိုတော့ ကျတော်တို့ယုံကြည်သူမြန်
နိုင်ငံသားတိုင်း စည်းလုံးညီညွုက်ပြီးတော့ ဒီထက်မက အသင်းတော်တိုးတတ်ပြီးတော့ ယုံကြည်ပို
များပြားလားဖို့အတွက် ရည်ရွယ်ပြီးပြုလုပ်ရခြင်းဖြစ်ပါတယ်.....ကျတော်တို့ အစီစဉ်ကိုတော့ သက်ဆိုင်ရာလူကြီးမင်းများကအမျိုးမျိုးခွဲခြားပြီးတော့ ပြီးတော့လုပ်ကြပါတယ်.. Worship Song, Singsong service ရယ်ပြီးတော့ ကျတော်တို့ ပထမပိုင်း ၀တ်ပြုကိုယ်းကွယ်ခြင်းကိုအဆုံးတတ်သွားကြ
တယ်ပြီးတော့ လူကြီးမင်းများက အသင်တော်လူကြီးများ၊ မိခင်များနှင့် ကျတော်တို့လူငယ်များဆိုပြီး အပိုင်းသုံးပိုင်းခွဲခြားပြီး အခန်းမှာသွားရပါတယ်... အဲဒါတွေဘာအတွက်လဲဆိုတော့ အသင်းတော်
လူကြီးတွေအနေနဲ့ အသင်းသူ၊သားတွေကို ဘယ်လိုစည်းရုံးပြီးတော့သွင်သင်မှာလဲ...
မိခင်များကတော့ ကိုယ်ကလေးတွေလိမ်မာယဉ်ကျေးအောင် ဘုးရာအလိုတော်အတိုင်းပဲ လိုသွင်
သင်ဆုံးမမှာလဲ...ကျတော်လူငယ်တွေကျတော့ ဘုးရာသခင်လိုတော်နှင့်အညီဘယ်လို
အတက်ရှင်ပြီးတော့ ကိုယ့်ရဲ့ပညာရေးတိုးတက်အောင်ဘယ်လိုလုပ်မှာလဲဆိုတဲ့ အရာတွေကိုပြု
လုပ်သင်းခြင်းဖြစ်ပါတယ်။ 
 
                 ဘုရားသခင်အသုံးပြုတဲ့ ဆရာသားများပါ
                                                       





 
     

ယုံကြည်သူ အာဗာဒူရဲ့အကြောင်း

(မှတ်ချက်။ ။ ဒီအာဗာဒူရဲ့အကြောင်းကို YouTube ထဲမှာရှိတဲ့ ဗီဒီယိုနဲ့ရှိတဲ့ဟာကိုအသံလေးနား
ထောင်ပြီးတော့ အခုလိုစာလေးနဲ့ပြန်ရေးရခြင်းဖြစ်ပါတယ်။ ဗီဒီယိုPostတင်သူကို ဒီလိုရေးဖို့
အတွက်ခွင့်မတောင်းသည့်အပြင်အကြောင်းမကြားခဲ့တာကို ယေရှနာဖြင့်ခွင့်လွှတ်ပေးပါလို့
မေတ္တာရပ်ခံချင်ပါတယ်)။ ကျေးဇူးပြုပြီးတော့စိတ်ဝင်စားအောင် စိတ်ရှည်စွာအဆုံးထိဖတ်ပေးဖို့
ယုံကြည်သူ ညီ၊အစ်ကိုယ်၊မောင်နှမများကိုနိုးဆောင်ချင်ပါတယ်။ )



အသက် ၁၃နှစ်ရွယ်ကောင်လေးတစ်ဦးဟာ သူ့ရဲ့ဘာသာရေးဆရာက တနေ့မှာရိုက်ပိုဒ်ပြီးတော့
လွှတ်လိုက်တယ်။ အဲဒီဘာသာရေးခေါင်ဆောင်က သူ့ကိုပြစ်ပ္ပယ်ထားပြီး

အဆက်အသွယ်မလုပ်ရန်သူ့မိသားစုနဲ့လူတွေကို အမိန့်ထုပ်လိုက်တယ်။ အာဗာဒူရဲ့အပြစ်ဟာ သူသိချင်တဲ့ဘုရားသခင်အကြောင်းကို မေးခွန်းများစွာမေးခဲ့ချင်တာဖြစ်တယ်။ အထီးကျန်ပြီး အဖော်မဲ့နေတဲ့သူဟာ အသက်ရှင်လိုတဲ့ စိတ်ကုန်ခမ်းသွားခဲ့တယ်။ သူဟာဘ၀မှာနောက်ဆုံးသောနေ့ရက်ဘဲလို့သတ်မှတ်ခဲ့ပေမဲ့ သူ့ရဲ့ခရီးစဉ်က အဲဒီနေ့မှာပဲ စိတ်လှုပ်ရှားစရာနေ့ရက်များအဖြစ်အစပြုလာခဲ့တယ်။ ပူပြင်းတဲ့မေလထဲကနေ့ တနေ့လည်ပိုင်းမှာ ကျတော်ကအိမ်ပြန်လာတယ် အပူချိန်ကတော့ ၁၀၀ဒီကရီရှိနေတယ်။ ကျတော်ကရှေ့ကိုလှမ်းကြည့်လိုက်တဲ့အခါမှာ Bus carဂိတ်ဘက်မှာသွားနေတဲ့လူငယ်တစ်ယောက်
ကိုတွေ့လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကျတော်အဲဒီဘက်ကနေဖြတ်သွားရမယ်ဆိုတော့ ဒါနဲ့ကျတော်ကဆိုက်ကားသမားကိုပြောလိုက်တယ် ခဏရပ်ပြီးတော့လူငယ်လေးကိုသင်ခေါ်ရအောင်လို့ ကျတော်ပြောလိုက်ပါတယ်။ ဆိုက်ကားဟာသွားနေတဲ့အချိန်မှာသူ့ကိုကျတော် စကားပြောလိုက်ပါ
တယ်ပြီးတော့သူကကျတော့်ကိုကောင်းကောင်းစကားပြန်ပြောတယ်သိတယ်မဟုတ်လားကျတော်ဘယ်လိုခံစားနေရတယ်။
ဘာဖြစ်လို့လဲဆိုတော့ဘယ်သူကမှ ကျတော့်ကိုစကားမပြောကြတဲ့ အပ္ပယ်ခံဘ၀ဖြစ်နေလို့ပေါ့။ ကျတော်တွေးနေတယ် ဒီလူဟာဘာကြောင့် ကျတော့်ကိုဒီလောက်ကောင်းနေရတာလဲ ။ သူဟာကောင်းကင်တမန်များလား? ကျတော်ဆိုက်ကားပေါ်မှာထိုင်နေတဲ့
အချိန်မှာ ဒီလူဟာလူသားတစ်ယောက်ဟုတ်မဟုတ် လက်နဲ့တို့ပြီးတော့စမ်းလိုက်တယ်။ အဲဒီနေ့ကစပြီး သူတို့နှစ်ယောက်ဟာ မိတ်ဆွေတွေဖြစ်သွားတယ်။ အဲဒီဆရာက အာဗာဒူကို ကျမ်းစာတစ်အုပ်ပေးခဲ့တယ်။ ညတိုင်းမှာသူဟာ နုတ်ကပတ်တော်ကိုကြိုးစားပြီးလေ့လာဖတ်ရှုခဲ့တယ် နောက်ဆုံးမှာ ယေရှခရစ်တော်အားဖြင့်လက်ခံရရှိတဲ့ ကယ်တင်ခြင်းကို ဘုရားသခင်ထံမှလက်ခံရရှိခဲ့တယ်။ အာဗာဒူဟာခရစ်ယာန်တစ်ယောက်ဖြစ်

လာပြီးတဲ့နောက် သူ့ရဲ့မိသားစုထံမှာ ဒီအကြောင်းများကိုသွားရောက်ဝေးမျှခဲ့တယ်။ 
သူ့ရဲ့ဖခင်နှင့် ညီအစ်ကိုယ်များဟာ အခြားများနှင့်တူ အမြက်ဒေါသထွက်ခဲ့ကြတယ်။ သူ့ကိုအိမ်အပြင်သို့ နင်ထုပ်လိုက်ကြတယ် သူ့ဖခင်ကတခြားသူများနဲ့တူ အာဗာဒူကိုရိုက်နစ်ကြတယ်။ အဲဒီအကြောင်းကြောင့်သူဟာ အိမ်ကိုစွန့်ခွါခဲ့ရတယ်။ သူဟာအဝေးမှာနှစ်ပေါင်းများစွာနေပြီး
နောက်သူ့ဇာတိရွာသို့ပြန်သွားဖို့ ဘုရားသခင်ထံမှ နုတ်ကပတ်တော်ရရှိခဲ့တယ်။ သူ့မိဘများက သူ့ကိုလက်ခံတည်းခိုဖို့မပြုခဲ့တဲ့အတွက် အာဗာဒူဟာ သူ့သူငယ်ချင်းနဲ့အတူနေထိုင်ရန်သွားခဲ့တယ်။ အဲဒီနောက်ညစဉ်ညတိုင်း ကျတော့်သူငယ်ချင်းကိုသမ္မာကျမ်းစာအကြောင်းဝေငှာသွန်းသင်ခဲ့တယ် ညတိုင်းနော်။ သုံးလအချိန်အတွင်းမှာ ကြီးမားတဲ့ပြောင်းလဲမှုဖြစ်လာတယ်။ သူဟာယေရှခရစ်တော်ကို လက်ခံဖို့အဆင်သင့်ဖြစ်နေပြီ ဆိုလိုတာကနှစ်ခြင်းခံဖို့အခြေအနေပေါ့။ အဲဒီနောက်သူ့ရဲ့မိဘတွေသိသွားတယ် အဲဒီကြောင့်ကျတော့်ကို ဒေါသအမြတ်နဲ့တုန့်ပြန်ကြတယ်။ အဲဒီနေ့ နေ့လည်မှာသူတို့ဟာကျတော့်ကိုအုပ်စုအလိုက်လယ်ကွင်းပြင်ကိုဆွဲထွက်သွားကြတယ်။

ကျတော့်ရဲ့လက်တွေကိုကြိုးတွေနဲ့ချဉ်ထားတယ်။ သူတို့ကကျတော့်ကိုယေရှအကြောင်းတွေမေးကြတယ် တချို့လူတွေက ကျတော့်ကိုခြေထောက်နဲ့ကန်ကြတယ် တချို့ကလက်တီးနဲ့ထိုးကြတယ် တချို့ကစထွေးနဲ့ထွေးကြတယ် ကျတော့်ကောင်းကိုစထွေးနဲ့ထွေးတယ် ကျတော့်တကိုယ်လုံးကိုလည်းစထွေးနဲ့ထွေးကြတယ်။ ယေရှကကားတိုင်ပေါ်မှာပြော
ခဲ့တယ်"အဖသူတို့အပြစ်ကိုလွှတ်တော်မူပါသူတို့ဘာလုပ်နေသလဲဆိုတာ သူတို့မသိကြပါဘူး" ကျတော့်ရဲ့ယူပါယုံမှာလည်းအလာတူပါပဲ ဘာကြောင့်လဲဆိုတော့ သူတို့ဘာလုပ်နေတသလဲဆိုတာ သူတို့မသိဘူးလေ။ ကျတော်သူတို့အတွက်ဆုတောင်းလိုက်တယ် "အဖသူတို့ကိုနားလည်းလာဖို့ ကူညီမစတော်မူပါ သူတို့ကိုကယ်တင်တော်မူပြီး ခွင့်လွှတ်တော်မူပါ" အဲဒီလိုကျတော်ဆုတောင်းလိုက်တယ်။ သေခါနီးဆဲဆဲအချိန်မှာ အသစ်ပြောင်းလဲလာတဲ့ သူ့သူငယ်ချင်းကလာပြီး သူ့ကိုကူညီခဲ့တယ်။ အဲဒီနောက်မှာ

အာဗာဒူရဲ့ဒုက္ဒဝေဒနာများကို မြင်တွေ့ခံစားပေမဲ့ သူဟာနှစ်ခြင်းခံဖို့တောင်းဆိုလာခဲ့တယ်။
 နောက်တနေ့မနက်၉နာရီ လောက်မှာရေကန်တကန်မှာကျတော့်သူ့ကိုနှစ်ခြင်းပေးလိုက်တယ်။ နှစ်ခြင်းပေးပြီးတော့ 
ကျတော်ကျေးဇူးတော်ချီးမွမ်းလိုက်တယ်"ကျေးဇူးတော်ချီးမွမ်းပါတယ် အဖကျေးဇူးတင်ပါတယ်"။ 
မနေ့က နေ့လည်မှာ မနေ့ကဒီရွာမှာအရိုက်နက်ခံခဲ့ရတယ် မနေ့ကခရစ်ယာန်ဆိုလို့ကျတော်တစ်ယောက်ထဲပဲရှိတယ် ကျတော်တစ်ယောက်ထဲပဲနော်။ ဒါပေမဲ့ဒီနေ့မှာတော့ နှစ်ယောက်ဖြစ်လာခဲ့တယ် မနက်ဖြတ်မှာဆို ၂၀၀ ဖြစ်လေ့မယ် အဲဒီနောက်မှာတော့ ၂၀၀၀လည်းဖြစ်လာနိုင်တယ် ဘုရားသခင်အလိုတော်ရှိခဲ့ရင်ပေါ့။ ဘုရားသခင်ကျတော့်ရဲ့ဆုတောင်းသံကိုနားညောင်းခဲ့တယ် အဲဒီနေ့ကကျတော့်ဆုတောင်းသံကို 
သူကြားခဲ့တယ်။ ဒီကနေ့ဒီရွာမှာ ယုံကြည်သူ ၁၆၀၀ကျော်ရှိတယ်
ကျတော့်ကိုတံထွေးနဲ့ထွေးခဲ့တဲ့သူတွေကျတော့်ကိုရိုက်ခဲ့တဲ့သူတွေတော်အခုယုံကြည်သူတွေဖြစ်လာကြပြီ။
အာဗာဒူနဲ့အတူ ယုံကြည်သူတွေရဲ့လှုပ်ရှားမှုအားဖြင့်လူပေါင်း(၂၈၀၀၀၀)နှစ်သိန်းရှစ်သောင်းကျော်ကို ခရစ်တော်ထံပို့ဆောင်ခဲ့ပြီးနောက် နှစ်ခြင်းမင်္ဂလာပေးခဲ့ကြပါတယ်။ နေရာပေါင်း သုံးထောင်ကျော်လောက်မှာ နုတ်ကပတ်တော်ဝေးငှခြင်း၊ နုတ်ကပတ်တော်သင်ကြားခြင်းတွေပြုလုပ်နေကြပြီ၊ ကျမ်းစာတွေလည်းဖတ်နေကြပြီ။ တနေ့မှာ လူတိုင်းဟာ ဘုရားသခင်ရဲ့သတင်းကောင်းကို ထိတွေခံစားပြီးတော့ ဒီနိုင်ငံမှာဘုရားသခင်ရဲ့ နာမည်တော်ကို ချီးမွမ်းကြလိမ့်မယ်။ ဒီအရာတွေဟာ လွန်ခဲ့တဲ့နှစ်အတော်ကြာက ဆိုက်ကားတစီးပေါ်မှာ စပြုခြင်းကနေစပါတယ်။ ကျတော်ဓမ္မသီချင်းတစ်ပိုဒ်ထဲကနေ စာသားလေးကိုသတိရမိပါတယ် "ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ကောင်းကင်နိုင်ငံတော်တည်မည်”စာသားလေးဖြစ်ပါတယ်။ သေးငယ်တဲ့အစပြုမှုကနေ ကြီးမားတဲ့နာမိတ်လက္ခဏာကြီးကို မြင်တွေ့ခဲ့ရတယ်။ လူနှစ်ရဲ့သာမန်တွေ့ဆုံမှုဟာ လောကမြေပြင်ဖြစ်ပေမဲ့ ကောင်းကင်ခရီးတစ်ခုရဲ့ အစဖြစ်
လာခဲ့တယ်။ ယုံကြည်သူကောင်းလေးရဲ့ အဖြစ်ပျက်တွေကို ကျတော်တို့သင်ခန်းစာယူပြီးတော့ သူ့လိုဘုရားသခင်နိုင်ငံတော်အတွက် လုပ်နိုင်ဖို့ နိမ့်ချစွာနဲ့ဆုတောင်းကြရအောင်လို့ ကျတော်ခွန်းအားပေးတိုက်သွန်းချင်ပါတယ်။